Mobile Spare Part Inventory System

Terms and Conditions (စည်းကမ်းချက်များနှင့် သဘောတူညီချက်များ)

ဤသဘောတူညီချက်သည် ဝန်ဆောင်မှုပေးသူ (ရောင်းချသူ) နှင့် အသုံးပြုသူ (ဝယ်ယူသူ) တို့အကြား Mobile Spare Part Inventory System အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် သဘောတူညီသော စည်းကမ်းချက်များ ဖြစ်ပါသည်။

၁Software အသုံးပြုခွင့်ဆိုင်ရာ ကန့်သတ်ချက် (Software Licensing & Device Restrictions)

  • ဤ Software ကို ဝယ်ယူစဉ်က သတ်မှတ်ခွင့်ပြုထားသော Device (များ) ပေါ်တွင်သာ ထည့်သွင်းအသုံးပြုခွင့်ရှိသည်။
  • ဝန်ဆောင်မှုပေးသူ၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ အခြားသော Device များသို့ မိမိသဘောဖြင့် ပြောင်းရွှေ့ခြင်း၊ ကူးယူခြင်း သို့မဟုတ် ပြန်လည်ဖြန့်ချိခြင်းတို့ကို လုံးဝ (လုံးဝ) ခွင့်မပြုပါ။

၂Error ပြင်ဆင်ခြင်းနှင့် အခမဲ့ ဝန်ဆောင်မှု (Maintenance & Bug Fixes)

  • Software ၏ မူလ Code ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ၊ Bug များနှင့် Error များကို ဝန်ဆောင်ခ (ဝါ) ပြင်ဆင်ခ လုံးဝမယူဘဲ (100% Free / 0% Fee) အခမဲ့ တတာဝန်ယူ ပြင်ဆင်ပေးပါမည်။

၃တာဝန်ယူမှု မရှိသည့် ကိစ္စရပ်များ (Exclusions & Limitations)

  • Software နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော Hardware ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ၊ စက်ပစ္စည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများ (Physical Damages) အတွက် ဝန်ဆောင်မှုပေးသူတွင် တာဝန်မရှိပါ။
  • အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများ သို့မဟုတ် မူလသဘောတူညီချက်ပြင်ပရှိ စနစ်ပြင်ဆင်ပြောင်းလဲမှုများ (Additional Changes) အတွက် အခမဲ့ ပြင်ဆင်ပေးခြင်း အကျုံးမဝင်ပါ။

၄နည်းပညာ ပံ့ပိုးကူညီမှုနှင့် ရုံးချိန်သတ်မှတ်ချက် (Technical Support Hours)

  • Software နှင့် ပတ်သက်သော ကိစ္စရပ်များ၊ မေးမြန်းမှုများနှင့် နည်းပညာဆိုင်ရာ အကူအညီများကို အစိုးရရုံးဖွင့်ရက် ရုံးချိန်အတွင်း ဖြစ်သော နံနက် ၁၀:၀၀ နာရီ မှ ညနေ ၃၀:၀၀ နာရီ (10:00 AM - 3:00 PM) အတွင်း ChatBox မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါမည်။

၅စနစ်အဆင့်မြှင့်တင်ခြင်းနှင့် Feature အသစ်များ (System Customization & New Features)

  • မူလစနစ်တွင် မပါဝင်သေးသော Feature အသစ်များကို ထပ်မံထည့်သွင်းလိုပါက (သို့မဟုတ်) လုပ်ငန်းလိုအပ်ချက်အရ စနစ်ကို အတိုးအလျှော့ ပြုလုပ်လိုပါက ထပ်ဆင့်တိုးလာမည့် လုပ်ငန်းပမာဏအပေါ် မူတည်၍ သီးသန့်ကုန်ကျစရိတ် (Additional Charges) များ ပေးဆောင်ရမည်။

၆အချက်အလက် သိမ်းဆည်းခြင်းနှင့် တာဝန်ယူမှု ကန့်သတ်ချက်

  • ယခု Software သည် Internet မလိုဘဲ အသုံးပြုရသော Offline စနစ် ဖြစ်သောကြောင့် အသုံးပြုသူ ထည့်သွင်းသမျှ အချက်အလက်အားလုံးသည် အသုံးပြုသူ၏ Dvice ထဲတွင်သာ တိုက်ရိုက်သိမ်းဆည်းမည် ဖြစ်ပါသည်။
  • ကုမ္ပဏီအနေဖြင့် အသုံးပြုသူ၏ ဒေတာများကို ရယူသိမ်းဆည်းထားခြင်း သိုမဟုတ် Backup ပြုလုပ်ပေးထားခြင်း လုံးဝ (လုံးဝ) မရှိပါ။
  • စက်ပစ္စည်းပျက်စီးခြင်း၊ ဗိုင်းရပ်စ် (Virus) ကိုက်ခြင်း၊ Software ကို နည်းစနစ်မကျဘဲ ဖျက်မိခြင်း သိုမဟုတ် မတော်တဆမှုတစ်ခုခုကြောင့် အချက်အလက်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း (Data Loss or Corruption) များ ဖြစ်ပေါ်လာပါက [ကုမ္ပဏီ/Developer အမည်] အနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူပေးမည် မဟုတ်ပါ။
  • အရေးကြီးသော ဒေတာများ ဆုံးရှုးမှုမရှိစေရန်အတွက် မိမိတို၏ အချက်အလက်များကို အခြား Safe Drive များ သိုမဟုတ် External Storage များတွင် ပုံမှန် Backup (မိတ္တူကူးယူခြင်း) ပြုလုပ်ထားရန် အသုံးပြုသူတွင်သာ လုံးဝတာဝန်ရှိပါသည်။

Last Updated: 8/9/2026